ကေအိုင်အိုဝန်ထမ်းများ လိုင်ဇာတွင် စုပေါင်းလက်ထပ်ပွဲပြုလုပ်

ကေအိုင်အိုဌာနချုပ်ရဲ့ စီစဉ်မှုဖြင့် ကော်မတီဖွဲ့ပြီး အကောင်အထည်ဖော်လုပ်ဆောင်ခြင်းဖြစ်ကာ တာဝန်ထမ်းဆောင်သူများ စုံတွဲ (၇၆)တွဲ စုပေါင်းထိမ်းမြှားလက်ထပ်ခြင်း ဆုတောင်းပွဲကို နိုဝင်ဘာ ၆ ရက်နေ့က လိုင်ဇာရှိ ခန်းမများတွင် အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

စုပေါင်းထိမ်းမြှားခြင်းအစီအစဉ်တွင် ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးအင်ဘန်လ ကိုယ်တိုင်လာရောက်အားပေးပါဝင်ခဲ့ပြီး ပွဲစီစဉ်ခြင်းရဲ့ ရည်ရွယ်ချက်ကိုပြောပြခဲ့ကာ ကေအိုင်အိုပါတီရဲ့ လှုပ်ရှားမှုတစ်ခုအဖြစ် လုပ်ဆောင်ခြင်းဖြစ်ပြီး ထိမ်းမြှားလက်ထပ်တဲ့အိမ်ထောင်တိုင်း သာယာပျော်ရွှင်သော ခရစ်ယာန်အိမ်ထောင်ဖြစ်ပါစေကြောင်း ခွန်အားပေးတိုက်တွန်းခဲ့ပါတယ်။

“အိမ်ထောင်ပြုခြင်းအမှုကိုလုပ်ဆောင်ရမယ်၊ ကိစ္စအရပ်ရပ်ကြောင့် အိမ်ထောင်ပြုခြင်းမပြုလုပ်ရသေးတဲ့ ဝန်ထမ်းများကို ဘုရားသခင်ရှေ့၊ လူရှေ့တွင် တရားဝင်လက်ထပ်ဖြစ်မြောက်ဖို့ ရည်ရွယ်ပါတယ်” လို့ ကေအိုင်အို ဥက္ကဌ ကပြောပါတယ်။

Leave a Reply

*