ကေအိုင်အိုနယ်မြေ မြောက်ပိုင်းဌာန ကိုဗစ်ကော်မတီနဲ့ HPA အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး မြောက်ပိုင်းကော်မတီရှိ တာဝန်ရှိသူများနဲ့ Health Properties Action (HPA) တို့ အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မုံနားဇွပ်စောင့်ကြည့်ရေးစင်တာတွင်း ကိုဗစ်ကာကွယ်ရေးအတွက် အသုံးပြုရမည့် ကျန်းမာပစ္စည်းများကို အသေးစိတ်ဆွေးနွေးတိုင်ပင်ခဲ့သလို အခြားကျန်းမာဆိုင်ရာကိစ္စရပ်များကိုလည်း ပါဝင်ခဲ့ပါတယ်။

မုံနားဇွပ်နဲ့ ဇွပ်မိုင်ယန် အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာ နှစ်ခုတွင် HPA အဖွဲ့အနေဖြင့် ယခင်ကတည်းက ကူညီမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ရေးပြုလုပ်ရာတွင် ကြိုတင်ကျန်းမာရေးစောင့်ကြည့်ခြင်းက လူထုကြား ရောဂါမပြန့်ပွားဖို့ အရေးကြီးတဲ့ခြေလှမ်းဖြစ်တာကြောင့် အလေးပေးအရေးတယူလုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ် ပိုးတွေ့ရှိသူ ငါးသောင်းနီးပါးရှိနေပြီဖြစ်ကာ သေဆုံးသူကလည်း တစ်ထောင်ကျော်နေပြီပဲဖြစ်ပါတယ်။

Leave a Reply

*