ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးအဖြစ် ကေအိုင်အိုထိန်းချုပ်နယ်မြေ မြောက်ပိုင်းဒေသအတွင်းရှိ စစ်ဆေးရေးဂိတ်အားလုံးကို အောက်တိုဘာ ၁၁ ရက်နေ့ကစတင်ပြီး ဝင်ထွက်သွားလာခွင့် ပိတ်ပင်လိုက်ကြောင့် ဒေသကိုဗစ်ကော်မတီကပြောပါတယ်။
မြောက်ပိုင်းဒေသဘက်ကို ဝင်ရောက်လာမည့်သူများ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သူများ၊ စက်လှေတွေအားလုံးများကို ရပ်နားပိတ်ပင်လိုက်ကာ ရောက်ရှိနေတဲ့ ကုန်ပစ္စည်းများကိုတော့ သယ်ယူခွင့်ပြုပါသေးတယ်။
Lockdown အသွားအလာကန့်သတ်ခြင်းကို အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ရက်ပေါင်း (၁၀) ရက် ချမှတ်ထားပြီး ဒေသတွင်းရှိ ကျန်းမာရေးစောင့်ကြည့်ရေးစင်တာနှစ်ခုတွင် ဆေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်း လိုအပ်မှုတွေရှိနေသေးတာကြောင့် ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ဖို့ ကန့်သတ်လိုက်ခြင်းဖြစ်ကာ စင်တာတွင်လည်း စောင့်ကြည့်ခံသူဦးရေများပြားခြင်းက ရေအခက်အခဲနဲ့အခြားသော အရာများစွာရှိလာတာကြောင့် ယခုလိုပြုလုပ်လိုက်ခြင်းဖြစ်ပါတယ်။