ဗန်းမော်ခရိုင် အင်ဘာပါကျေးရွာတွင် ဧပြီ ၂၉ ရက်နေ့ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အစပြုနေပြီဖြစ်ကာ ကေအိုင်အို အရှေ့ပိုင်းတိုင်းဌာနချုပ် ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဦးဆောင်ပြီး လုပ်ဆောင်ပေးတာဖြစ်ကာ ကျန်းမာရေးစစ်ဆေးခြင်းနဲ့ ကာကွယ်ဆေးထိုးနှံပြီး ဖြစ်ပေါ်တတ်တဲ့အရာများ ရှောင်ရှားရမည့်အရာများကို ရှင်းလင်းပြောဆိုပြီး ထိုးနှံပေးတာဖြစ်ကြောင်း သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို မေလ ၁ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်ပြီး အင်ဘာပါကျေးရွာ ဒေသခံပြည်သူများ၊ တာဝန်ထမ်းဆောင်နေသူများနဲ့ ကျေးရွာအနီးဝန်းကျင်ရှိ ပြည်သူများကို ထိုးနှံပေးတာဖြစ်ကြောင်း အရှေ့ပိုင်းတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီကပြောပါတယ်။
ကာကွယ်ဆေးထိုးနှံပြီးသူများကတော့ ထိုးနှံပြီးကြောင်း လက်မှတ်ပေးအပ်မှာဖြစ်ပြီး အသက် ၁၈ နှစ်အထက် ကျန်းမာသူတိုင်းကို ထိုနှံပေးခြင်းဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ကိုစေ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ လိုင်ဇာမြို့၊ မိုင်ဂျာယန်မြို့နဲ့အနီးဝန်းကျင်ကျေးရွာများ၊ စစ်ဘေးရှောင်ပြည်သူများကို လိုက်လံထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ်။