ကေအိုင်အိုနယ်မြေ တောင်ပိုင်းဌာနချုပ်အတွင်း ဝင်ရောက်လာသူမည်သူ့ကိုမဆို Covid- Antigent tesk ဖြင့်စစ်မည်

ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ပိုင်းဌာနချုပ်အတွင်း ဝင်ရောက်လာမည့်သူများကို ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ပြီး သတ်မှတ်ထားသော ကျန်းမာရေးစောင့်ကြည့်နေရာများတွင် Covid- Antigent tesk ဖြင့်စစ်ဆေးခံ မည်ဖြစ်ကြောင်း Covid-19 ရောဂါကာကွယ်နှိမ်နင်းရေးဗဟိုကော်မတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

စစ်ဆေးမှုကို ခဘားဂိတ်၊ မုန်ညဇွပ်ကျန်းမာရေးစောင့်ကြည့်စင်တာ၊ ဇွပ်မိုင်ယန်စင်တာနဲ့ လောဒ်မိုင်ယန်စင်တင်များတွင် စစ်ဆေးမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နင်းမှု ပိုမိုထိရောက်စေဖို့ စစ်ဆေးမှုများကိုလုပ်ဆောင်မည်ဖြစ်ပြီး ရောက်ရှိလာသော ခရီးသွားပြည်သူများကို အသွားအလာကန့်သတ်ထားချိန်တွင် နှစ်ကြိမ်စစ်ဆေးခံရမည်ဖြစ်ပြီး စစ်ဆေးခ ကျပ်ငွေ ၃သောင်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရပါတယ်။

တောင်ပိုင်းခရိုင်အတွင်း ခရီးသွားပြည်သူများကို ကွာရန်တင်း ၁၄ ရက်ထားရှိကာ ကျန်းမာရေးစစ်ဆေးမှုကိုအစဉ်ဆက်မပျက်ပြုလုပ်နေပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးမှုခံယူသော လူမရှိကြောင်း သိရှိရပါတယ်။

Leave a Reply

*