ကေအိုင်အိုထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ကိုဗစ်-၁၉ ရောဂါရှာဖွေ တွေ့ရှိခဲ့ပြီးနောက်ပိုင်း မြို့တွင်းရှိ ပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းလုပ်ဆောင်နေခဲ့တာ လက်ရှိမှာတော့ အယောက်စီတိုင်းကို ၃ မြောက် စစ်ဆေးဖို့ ဩဂုတ်လ ၂၁ ရက်နေ့ကနေ စတင်ပြီး အဖွဲ့ ၁၅ ဖွဲ့ဖြင့်လုပ်ငန်းစတင်သွားဖို့ ရှိနေပါတယ်။

အသွားအလာကန့်သတ်ခြင်း စည်းကမ်းများကို ဆက်လက်ကျင့်သုံးမှာဖြစ်ကာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသူ ၄၄ ဦးရှိတာဖြစ်ပြီး သံသယလူနာအဖြစ် ကျန်းမာရေးစောင့်ကြည့်ခံနေသူကတော့ ၅၃ ဦးရှိနေပါတယ်။
ရောဂါရှာဖွေစစ်ဆေးခြင်းကို ဌာနဆိုင်ရာအသီးသီးနဲ့ ရပ်ကွက်၊ စစ်ဘေးရှောင်စခန်းများအားလုံးတွင် စစ်ဆေးပေးသွားမှာဖြစ်ကာ ရောဂါပိုးရှိသူကင်းစင်မှသာ အသွားအလာကန့်သတ်ထားခြင်းကို ဖြေလျော့ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။
ကေအိုင်အိုထိန်းချုပ်နယ်မြေများတွင် ကိုဗစ်-၁၉ ရောဂါကင်းစင်စေရေးအတွက် ကေအိုင်အိုအစိုးရအနေ့ဖြင့် အားသွန်ခွန်စိုက်လုပ်ဆောင်နေတာဖြစ်ပြီး နယ်မြေအတွင်း ဝင်ထွက်သွားလာမှုများကိုလည်း ဂိတ်များထားရှိကာ အဆင့်ဆင့် စစ်ဆေးနေတာပဲ ဖြစ်ပါတယ်။
မိုင်ဂျာယန်မြို့မှာလည်း ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းတွေကို ပုံမှန်လုပ်ဆောင်နေကာ ဩဂုတ်လ ၂၀ ရက်နေ့မှာတော့ အယောက် ၃၀ တွင် ကိုဗစ်ကူးစက်ခံထားရကြောင်း ရှာဖွေတွေ့ရှိခဲ့ကာ လက်ရှိ ပိုးရှိမရှိစစ်ဆေးဖို့ စာရင်းသွင်းထားသူ အယောက် ၁၀၀ ကျော်ကျန်ရှိနေသေးကာ ကိုဗစ်စောင့်ကြည့်ရေးစင်တာမှာတော့ ပိုးကူးစက်ခံထားရသူ ၄၄၀ ဦးကို ကျန်းမာရေးကုသမှုပေးအပ်နေပြီး ပိုးကင်းစင်သွားသူ ၂၂၈ ဦးကိုလည်း ထပ်မံကျန်းမာရေးစောင့်ကြည့်မှု လုပ်ဆောင်နေပါတယ်။