ကေအိုင်အိုထိန်းချုပ်နယ်မြေ ကိုဗစ်-၁၉ ရောဂါကင်းစင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေ

ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ လိုင်ဇာမြို့ကို ကိုဗစ်-၁၉ ကင်းစင်နယ်မြေဖြစ်လာအောင် ကြိုးစားလုပ်ဆောင်နေကာ လိုင်ဇာမြို့ဝင်ဂိတ်ဖြစ်တဲ့ မုန်လိုင်ခက်စစ်ဆေးရေးဂိတ်ကို ဩဂုတ်လ ၁၅ ရက်နေ့ကတစ်ပြီး စည်းကမ်းအသစ်တွေထပ်မံတိုးမြင့်လိုက်ပါတယ်။

လိုင်ဇာမြို့ဝင်ဂိတ်တစ်ခုဖြစ်တဲ့ မိုင်ဆပ်ပါဂိတ်ကိုတော့ ကုန်ပစ္စည်းဖြတ်သန်းခွင့်ကလွဲပြီး ခရီးသွားပြည်သူတွေ ဝင်ရောက်ခွင့်လုံးဝခွင့်မပြု ပိတ်ပင်ထားလိုက်ကာ မုန်လိုင်ခက်ဂိတ်ကလည်း အများပြည်သူ ဝင်ခွင့်ကို ရပ်ဆိုင်းထားပါတယ်။

နိုင်ငံရေးဆိုင်ရာ အရေးတကြီးလိုအပ်ချက်ကြောင့် သွားလာရသူများက ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ထောက်ခံစာဖြင့် သွားလာခွင့်ရှိကာ ကျန်းမာရေးအရေးတကြီးလိုအပ်သူများကတော့ ကျန်းမာရေးဌာနမှ ထောက်ခံစာလိုအပ်မှာဖြစ်ကြောင်း သိရပါတယ်။

ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်သူများကတော့ သက်ဆိုင်ရာကိုဗစ်ကော်မတီက ထုတ်ပေးတဲ့ အကာအကွယ်ဝတ်စုံ PPE ကိုဝတ်ဆင်ပြီး ပစ္စည်းပို့ဆောင်နိုင်မှာဖြစ်ကာ ပြန်လာချိန်မှာတော့ မုန်လိုင်ခက်စစ်ဆေးရေးဂိတ်တွင် PPE ဝတ်စုံများကို မီးရှို့လိုက်ရမှာဖြစ်ကြောင်း သိရပါတယ်။

မိုင်ဆပ်ပါဂိတ်ပြင်ပကိုတော့ ကိုဗစ်-၁၉ သံသယနေရာ Black Area အဖြစ်သတ်မှတ်ထားကာ ထိုဂိတ်ကနေ မုန်လိုင်ခက်ဂိတ်အထိကိုတော့  Brown Area အဖြစ် သတ်မှတ်ပြီး လိုင်ဇာမြို့ကိုတော့ ကိုဗစ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားကာ ကင်းစင်ဖို့ကိုလည်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက ကြိုးစားနေပါတယ်။

လက်ရှိအချိန်မှာတော့ လိုင်ဇာမြို့နေပြည်သူများကို ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးခြင်း ၃ ကြိမ်မြောက်ရောက်ရှိနေပြီဖြစ်ကာ ပိုးကူးစက်ခံထားရသူ ၄၃ ဦးကိုတော့ ဆေးဝါးကုသမှုပေးအပ်နေပြီး သံသယလူနာ ၆၃ ဦးကိုတော့ ကျန်းမာရေးစောင့်ကြည့်မှုတွ လုပ်ဆောင်နေပါတယ်။

Leave a Reply

*