ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ဆယ်တန်းအောင်မြင်မှု ၇၅ ရာခိုင်နှုန်းရှိ

ကေအိုင်အို အစိုးရ ထိန်းချုပ်နယ်မြေအတွင်း ၂၀၂၁-၂၀၂၁ ခုနှစ် ပညာသင်နှစ်ရဲ့ ဆယ်တန်းစာမေးပွဲ အောင်စာရင်းရလဒ်ကို ယနေ့ မေလ ၂၂ ရက်နေ့ မနက်တွင် ထုတ်ပြန်ပေးခဲ့ကာ တွက်ဆထားချက်ထက် ပိုမိုအောင်မြင်နေတာကို တွေ့မြင်ရကြောင်း သိရပါတယ်။

ဆယ်တန်းစာမေးပွဲ ဖြေဆိုသူ (၈၃၁) ဦးရှိတာဖြစ်ပြီး ထိုထဲမှ (၆၂၁) ဦး အောင်မြင်ခဲ့ကာ စာမေးပွဲလာရောက် ဖြေဆိုခြင်းမရှိတာက (၇) ဦးသာ ရှိခဲ့သလို ယခုနှစ် အောင်မြင်မှု ရာခိုင်နှုန်းအရ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

ပညာရေးဗဟိုဌာနချုပ်ကနေ တာဝန်ယူဖွင့်လှစ်ထားတဲ့ အထက်တန်းကျောင်းများက လိုင်ဇာ၊ အလန်းဘွမ်၊ မိုင်ဂျာယန်၊ အင်ဂွမ်းလ၊ သျှမ်းပြည်မြောက်ပိုင်း၊ အင်ဘာပါနဲ့ ထွယ်နိန်ရှောင် အထက်တန်းကျောင်းတွေပဲ ဖြစ်ပါတယ်။

ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ ကျောင်းများအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်ကို မေလ ၂၅ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ ကျောင်းအပ်လက်ခံသွားမှာဖြစ်ကာ ဇွန်လ ၇ ရက်နေ့မှာတော့ ကျောင်းစတင်ဖွင့်လှစ် သင်ကြားသွားမှာပဲ ဖြစ်ပါတယ်။

Leave a Reply

*