ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေး ရက်လျော့ချ

ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် COVID-19 ကပ်ရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ဇူလိုင် ၃၁ ရက်နေ့အထိ ရက်တိုးသတ်မှတ်ထားပေမယ့် အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းကိုတော့ ၅ ရက်အထိ လျော့ချလိုက်ပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယနှိမ်နှင်းရေးဗဟိုကော်မတီထံမှ သိရှိရပါတယ်။ ကာကွယ် ထိန်းချုပ် ကုသရေး ရက်တိုးသတ်မှတ်ခြင်းက အနီးဝန်းကျင်နိုင်ငံများရဲ့ ရောဂါဖြစ်ပွားမှုကို စောင့်ကြည်နိုင်ဖို့ဖြစ်ကာ ကျန်းမာရေးစောင့်ကြည့်ရက်လျော့ချခြင်းက လက်ရှိတွင် မြန်မာနိုင်ငံတွင် ဒေသတွင်း ရောဂါဖြစ်ပွားမှု ဖြစ်ပေါ်ခြင်းမရှိကာ အများစုက နိုင်ငံခြားမှ ပြန်လာသူများသာဖြစ်ခြင်းကြောင့် ဖြစ်ပါတယ်။

ကျောင်းဖွင့်ရာသီစတင်လာပြီဖြစ်တာကြောင့် ကျောင်းသားများ သွားလာရေးနဲ့ ပြည်သူများ လုပ်ငန်းလုပ်ဆောင်မှုတွေ ပိုမိုခက်ခဲလာမှု မရှိစေဖို့ စောင့်ကြည့်ခြင်းအစီအစဉ် ရက်လျော့ချလိုက်ခြင်းဖြစ်ပေမယ့် စစ်ဆေးရေးဂိတ်များမှာတော့ ကျန်းမာရေးစစ်ဆေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်သွားဖို့ရှိနေကာ ကျန်းမာရေးစောင့်ကြည့်ခံသူများအနေဖြင့် ၅ ရက်အတွင်း ကျန်းမာရေးချို့ယွင်းမှုရှိလာပါက ရက်တိုးခံယူရမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ယခင်က ဇူလိုင် ၁၅ ရက်နေ့အထိ သတ်မှတ်ထားရာကနေ လက်ရှိမှာတော့ ဇူလိုင်လကုန်အထိ ထပ်တိုးသတ်မှတ်ထားကာ အစိုးရကျောင်းများအနေဖြင့်လည်း ကျောင်းအပ်လက်ခံမှုတွေ စတင်နေပြီဖြစ်ပေမယ့် ဘော်ဒါဆောင်ဖွင့်လှစ် လက်ခံမှုကိုတော့ ရပ်ဆိုင်းထားဆဲ ဖြစ်ပါတယ်။

Leave a Reply

*