ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ငှက်ပျောစိုက်ပျိုးခြင်းအစား အခြားသီးနှံစိုက်ပျိုးခြင်းလုပ်ဆောင်ဖို့ စီမံချက်ချမှတ်

ကေအိုင်အိုအစိုးရ ထိန်းချုပ်ထားတဲ့နယ်မြေအတွင် ငှက်ပျောစိုက်ပျိုးခြင်းမလုပ်တော့ဘဲ အခြားသောသီးနှံများကို စိုက်ပျိုးခြင်းလုပ်ဆောင်ကြဖို့ စီမံချက်ကို ၂၀၂၁ ခုနှစ်ကနေ စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါပြီ။

Photo : Internet

ဒီစီမံချက်ကို ကေအိုင်စီမှချမှတ်ပြီး အုပ်ချုပ်ရေးဌာန၊ ဌာနချုပ်အသီးသီးနဲ့ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ရှိကာ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ဦးဆောင်ပြီး ဌာနချုပ်အသီးသီးရှိ ငှက်ပျောစိုက်ပျိုးခြင်းကို ဖျက်သိမ်းပြီး အများပြည်သူအတွက် အသုံးဝင်မည့် စိုက်ပျိုးမွေးမြူခြင်းလုပ်ငန်းကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

“ဒီငှက်ပျောစိုက်ပျိုးတဲ့နေရာတွေကို အစိုးရကတာဝန်ယူပြီးတော့ စိုက်ပျိုးရေးဌာန၊ ဌာနချုပ်အသီးသီး၊ ကေအိုင်စီက စီမံချက်ချမှတ်ထားတာကို ကျတော်တို့ အုပ်ချုပ်ရေးပိုင်းနဲ့ စိုက်ပျိုးရေးဌာနတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာပါ” လို့ လိုင်ဇာအုပ်ချုပ်ရေးမှူး ဂေါ်ဂျယ်ယော်ဆန်ကပြောပါတယ်။

လက်ရှိစိုက်ပျိုးထားဆဲဖြစ်တဲ့ ငှက်ပျောခြံများကို ၂၀၂၁ တွင် အပြီးသတ်ရပ်စဲခြင်းပြုလုပ်သွားမှာဖြစ်ပြီး အဲ့ဒီနေရာများတွင် အခြားသောသီးနှံများကို စိုက်ပျိုးပြီး အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုပါတယ်။

“ကျတော်တို့ ဒီငှက်ပျော်ခြံနဲ့သက်ဆိုင်ပြီး အများပြည်သူကိုလည်း အစဉ်ပြောဆိုနေတာပါ၊ ဒါကို တဖြည်းဖြည်းနဲ့ရုပ်သိမ်းသွားပြီးတော့ အခြားသီနှံအစားထိုး စိုက်ပျိုးသွားမှာဖြစ်ကြောင်း အမြဲတမ်းပြောဆိုထားတာကြောင့် ၂၀၂၁ ခုနှစ်ကစတင်ပြီး ကျန်ရှိနေတဲ့တောင်တွေကလွဲပြီး တဖြည်းဖြည်းလျော့ချသွားမှာပါ” လို့သူကပြောပါတယ်။

ကေအိုင်အိုအစိုးရအနေဖြင့် ငှက်ပျော်စိုက်ပျိုးခြင်းကို အားပေးအားမြောက်မပြုလုပ်သလို တားမြစ်မှုတွေလုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နယ်စပ်ဖြတ်ကျော်စီးပွားရေးလုပ်ဆောင်ကြတဲ့ တရုတ်ငှက်ပျောလုပ်ငန်းရှင်များကလည်း ယခုအချိန်ဝင်ရောက်နိုင်ခြင်းမရှိခြင်းကြောင့် ၂၀၁၉ခုနှစ်တွင် ဧက ၂၀၀၀ ကျော်စိုက်ပျိုးကြပေမယ့် ယခုနှစ်မှာတော့ ဧက ၁၃၉၁ သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

Leave a Reply

*