ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် Covid-19 ရောဂါကာကွယ်နှိမ်နင်းရေးအတွက် လူငယ်များကို သင်တန်းပေး

ကေအိုင်အို အရှေ့ပိုင်းဒေသ Covid-19‌ ရောဂါကာကွယ်နှိမ်နင်းရေးဗဟိုကော်မတီမှ ဦးဆောင်ပြီး မိမိဒေသတွင်း Covid-19 ရောဂါကာကွယ်နှိမ်နင်းရေးတွင် ပါဝင်ဆက်ကပ်ကြမည့် စေတနာ့ဝန်ထမ်းလူငယ်များကို ရောဂါကာကွယ်နှိမ်နင်းရေးနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ၅ ရက်တာ သင်တန်းပို့ချမှု ပြုလုပ်နေကြောင်းသိရှိရပါတယ်။

Covid-19 ရောဂါကာကွယ်နှိမ်နင်းရေးတွင်ပါဝင်လုပ်အားပေးရန်အတွက် ရောဂါနှိမ်နင်းရေးကော်မတီမှ ဘုရားကျောင်းအသီးသီးထံကို အကြောင်းကြားထားတာနဲ့အညီ လူငယ်များ အယောက် ၅၀ တိတိ သင်တန်းတွင်လာရောက်ပူးပေါင်းပါဝင်ခဲ့ပါတယ်။

သင်တန်းကို အရှေ့ပိုင်းဌာနချူပ်မှ ဆရာဝန်များသင်ကြားပေးနေကြောင်း၊ Covid-19 ကာကွယ်နှိမ်နင်းရေးတွင် ပြည်သူများနှင့်ပူးပေါင်းလက်တွဲ ရန် သင်တန်းကိုပို့ချရခြင်းဖြစ်ကြောင်း ကော်မတီအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

သင်တန်းရှိလူငယ်များမှာ စစ်ဆေးရေးဂိတ်များ ၊ Quarantine စင်တာ၊ Covid-19 ကုသရေးနေရာများနဲ့ ရုံးများတွင် ပါဝင်ဆက်ကပ်ကြရမှာဖြစ်ပြီး လူငယ်များ မိမိဆက်ကပ်နိုင်သော အချိန်ပေါ်တွင်မူတည်ပြီး ပါဝင်ဆက်ကပ်နိုင်ကြောင်း၊ လုပ်အားပေးလိုသော လူငယ်များရှိပါက အမြဲကြိုဆိုလျှက်ရှိကြောင်း Covid-19 lရောဂါနှိမ်နင်းရေးဗဟိုကော်မတီက ပြောပါတယ်။

Leave a Reply

*