ကေအိုင်အိုထိန်းချုပ်နယ်မြေမှာ ကျန်းမာရေးစောင့်ကြည့်ခံသူ အယောက် ၁၀၀ ကျော်ရှိ

စက်တင်ဘာ ၉ ရက်နေ့ကတည်းက ကေအိုင်အိုနယ်မြေထဲကို ဝင်ရောက်လာတဲ့ ပြည်သူများ အသွားအလာစောင့်ကြည့်ခြင်း တစ်ဖန်ပြန်လည်ပြုလုပ်ရာ လက်ရှိမှာတော့ စောင့်ကြည့်ခံသူ အယောက် ၁၀၀ ကျော်ရှိနေပြီဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကျန်းမာရေးစောင့်ကြည့်ခံယူဖို့ (၁၄) ရက်သတ်မှတ်ထားသလို အသွားအလာကန့်သတ်စောင့်ကြည့်ကာလတွင်း အစားသောက်ကိုတော့ မိမိကိုယ်တိုင်ကျခံတဲ့စနစ်ကို ကျင့်သုံးထားတာဖြစ်ပါတယ်။

စက်တင်ဘာ ၁၇ ရက်နေ့ စာရင်းအရ မုန်လိုင်ခတ် စောင့်ကြည့်ရေးနေရာတွင် (၅၇) ဦး၊ လိုင်ဇာမြို့ မြစ်ကြီးနားဟိုတယ်တွင် (၂၁) ဦး၊ အရှေ့ပိုင်းဌာနချုပ် မိုင်ဂျာယန်မှာတော့ (၁၇) ဦးနဲ့ ဗန်မော်ကျန်းမာရေးစစ်ဆေးရေးဂိတ်မှာ (၁၇) ဦး စုစုပေါင်း (၁၁၂) ဦးတို့ဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်းမှာတော့ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၈ နာရီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ (၃၈၉၄) ဦးရှိကာ ပိုးကင်းစင်ပြီး ဆေးရုံဆင်းခွင့်ရရှိသူကတော့ (၉၀၈) ဦးအထိရှိခဲ့ပြီး သေဆုံးသူကတော့ (၄၆) ဦးအထိရှိနေပါတယ်။

Leave a Reply

*