ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းအဖြစ် တကျော့ပြန်ဖြစ်ပွားမှုတွေ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတာကြောင့် ကေအိုင်အိုထိန်းချုပ်နယ်မြေ ဝင်ရောက်မည့်သူများနေဖြင့် စက်တင်ဘာ ၉ ရက်နေ့က စတင်ပြီး မည်သူမဆို ကျန်းမာရေးစောင့်ကြည့်ခြင်း ၁၄ ရက်ကြာ ခံယူရမှာဖြစ်ပါတယ်။
အသွားအလာကန့်သတ်စောင့်ကြည့်ခြင်းကို မိုင်ဆက်ပါစစ်ဆေးရေးဂိတ်နဲ့ မိုင်ဂျာယန် ခလောင်ကုန်းနေရာတွင် ၁၄ ရက်ကြာ ကိုယ့်စားရိတ်ကိုယ်ကျခံပြီး ခံယူကြရမည်ဖြစ်သလို ရောဂါပိုးရှိသူနဲ့ ထိစပ်ခြင်းမရှိ၊ နိုင်ငံရပ်ခြင်းသွားလာထားခြင်းမရှိ၊ ရောဂါလက္ခဏာပြသခြင်းမရှိပဲ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေများပြားလာတာကြောင့် စက်တင်ဘာ ၉ ရက်နေ့ကစတင်ပြီး ကျန်းမာရေးစောင့်ကြည့်နေရတွေ ထားရှိသွားမှာ ဖြစ်တယ်လို ကိုဗစ်-၁၉ ကာကွယ်နှိမ်နှင်းရေး (ဗဟို) အတွင်းရေးမှူး ဗိုလ်ကြီးလဖိုင်ဟိန်ဝေါမ့် ကပြောပါတယ်။
စက်တင်ဘာ ၂ ရက်နေ့စာရင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမှတ် (၇၈၈ နဲ့အတူ လေယဉ်အတူစီးနင်းခဲ့တဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ခံ (ငြိမ်း) ဆရာကြီးရဲ့ အမျိုးသမီးနဲ့ အိမ်သူအိမ်သားများကို ကိုဗစ်ရောဂါ စစ်ဆေးရာမှာတော့ ရောဂါပိုးမရှိကြောင်း အဖြေထွက်ရှိထားပေမယ့် ၁၀ ရက် အကြာတွင် ပြန်လည်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးက ပြေပါတယ်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်း ကိုဗစ်-၁၉ ဒုတိယလှိုင်းအဖြစ် တစ်ရက်လျှင် ရောဂါပိုးတွေ့ရှိသူ အယောက် ၁၀၀ အထက်ရှိနေတာကြောင့် ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း နေထိုင်သူများ ရောဂါပိုးမရှိစေဖို့ ကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းများကို အမြဲတစေထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံတွင် စက်တင်ဘာ ၉ ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၈၈၉ ဦးရှိနေပြီဖြစ်ကာ ထိုထဲမှ ဆေးရုံတင်းခွင့်ရရှိသူ ၅၅၃ ဦးရှိပြီး သေဆုံးသူ ၁၂ ဦးအထိ ရှိနေသလို ကချင်ပြည်နယ်တွင်လည်း ရောဂါပိုးတွေ့ရှိသူ ရှိနေပါတယ်။