ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ စာသင်ကျောင်းများ သင်ကြားနေပြီ

ကေအိုင်အိထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင်းရှိ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး  နည်းလမ်းများနဲ့အညီ စာသင်ကြားနေပြီဖြစ်ပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ကတည်းက တက္ကသိုလ်ဝင်တန်းများကို စတင်တင်ကြားနေပြီဖြစ်ပြီး နေ့စဉ်နေ့တိုင်း ကျောင်းသားများရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ ကျောင်းတွင်း နှာခေါင်းစည်းခြင်း၊ လက်ဆေးခြင်းများကို ကျောင်းဆရာများက ဦးဆောင်ပြီး ပြုလုပ်ပေးနေတာပါ။

“ရောဂါကိုကာကွယ်ပြီးတော့ သင်ကြားနေတာပေါ့၊ ဆရာများကို သေချာကြည့်ရှုစစ်ဆေးခိုင်းတယ်၊ မနက်တိုင်းလည်း ကိုယ်အပူချိန်တိုင်းတာခြင်းတွေ နှာခေါင်းစည်းတပ်ခိုင်တာမျိုးတွေ၊ လက်ဆေးခိုင်းပြီးတော့ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေဖို့ အမြဲတမ်းပြောဆို သတိပေးနေပါတယ်” လို့ လိုင်ဇာအထက်တန်းကျောင်းအုပ် ဆရာမကြီး ရှိန်နန်ဂျာမိုင် ကပြောပါတယ်။

ကျောင်းစာသင်ချိန်းနည်းပါးသလို စာကိုသာအဓိကထားသင်ကြားပေးပြီး ကိုဗစ်ရောဂါ စိုးရိမ်ဖွယ်အခြေအနေရှိနေသေးကာ ငယ်ရွယ်သူများက သိရှိနားလည် လိုက်နာဖို့ခက်ခဲမှုရှိနေတာကြောင့် မိဘများအနေဖြင့် အနီးကပ်စောင့်ကြည့် ပညာပေးမှုတွေ လုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ ဆရာမကြီးက ထပ်လောင်းပြောပါတယ်။

လက်ရှိအချိန်တွင် လိုင်ဇာအထက်တန်းကျောင်းတွင် ကျောင်းသားဦးရေ ၁၀၅၀ ကျော်ရှိနေပြီဖြစ်ကာ ဒသမတန်းနဲ့ မူလတန်းများအနေဖြင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့များတွင် သင်ကြားနေကာ အလယ်တန်းနဲ့ နဝမတန်းကတော့ ကျန်သုံးရက်များတွင် တက်ရောက်ရကာ မနက် ၈ နာရီကနေ နေ့လည် ၁ နာရီအထိသာ သင်ကြားပေးနေပါတယ်။

ကျောင်းတွင် စေတနာ့ဝန်ထမ်းများထားရှိကာ ထိုသူများအနေဖြင့် ကျောင်းပိတ်ချိန်များတွင် ဆေးဖြန်းခြင်းများလုပ်ဆောင်ပေးသလို ကလေးများကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေနဲ့ အသိပညာပေးမှုတွေကို စဉ်ဆက်မပြတ်လုပ်ဆောင်ကူညီနေကြပါတယ်။

Leave a Reply

*