ကေအိုင်အိုဌာနချုပ်နယ်မြေအတွင်း ဝင်ထွက်သွားလာမှုကို ယခင်ထက်ပိုမိုတင်းကြပ်

ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်နှိမ်နှင်းသောအားဖြင့် ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ အဝင်အထွက် သွားလာခြင်းကို ယခင်ကထင်ပိုမိုစစ်ဆေးခြင်းတွေ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးဌာနမှသိရှိရပါတယ်။

မြို့တော်ထဲဝင်ရောက်လာသူများကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးခြင်းများကို  မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်တွင် လုပ်ဆောင်နေပြီး ကျန်းမာရေးစောင့်ကြည့်ခံယူခြင်းတွေကိုလည်း လုပ်ဆောင်နေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး လဖိုင်ဟိန်ဝေါမ် ကပြောပါတယ်။

မြို့တွင်းနေထိုင်သူများ တာဝန်ထမ်းဆောင်သူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းများ စဉ်ဆက်မပျက်လုပ်ဆောင်နေသလို လိုက်နာရမည့် ကိုဗစ်စည်းကမ်းများနဲ့ ကျန်းမာရေးအသိများကိုလည်း ကိုဗစ်ဗဟိုကော်မတီမှ နေ့စဉ်နေ့တိုင်းလုပ်ဆောင်နေပါတယ်။

Leave a Reply

*