ကေအိုင်အိုကျန်းမာရေးဌာနချုပ်မှ ဒေသတွင်းအချက်အလက်ကောက်ခံခြင်းပြုလုပ်ခဲ့

ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ အများပြည်သူဆိုင်ရာအချက်အလက်ကောက်ခံခြင်းကို ကျန်းမာရေးဌာနချုပ်နဲ့ ဗန်းမော်ဇုံနယ် ကျန်းမာရေးဌာနတို့ပူးပေါင်းပြီး ဗန်းမော်အတွင်း နေထိုင်တဲ့ အများပြည်သူများရဲ့ အမည်စာရင်းကို ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ကောက်ခံခဲ့ပါတယ်။

အများပြည်သူ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့၊ ကျန်းမာရေးဆိုင်ရာပေါ်လစီရေးဆွဲနိုင်ဖို့၊ အချက်အလက်အပြည့်အစုံကောက်ခံပြီး အကောင်းမွန်ဆုံးအသုံးချအကောင်အထည်ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ကောက်ခံခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ယခုလိုလုပ်ဆောင်ခြင်းကို ကျေးရွာအသီးသီး၊ ဇုံနယ်၊ ဒေသအသီးသီးတွင် သွားရောက်ကောက်ခံသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Leave a Reply

*