ကေအိုင်အိုကျန်းမာရေးဌာနမှ စစ်ဘေးရှောင်စခန်းနဲ့ ဌာနအသီးသီးကို တုပ်ကွေးရောဂါစစ်ဆေးပေး

ကေအိုင်အိုအစိုးရ ကျန်းမာရေးဌာနအနေဖြင့် လိုင်ဇာမြို့တွင်ရှိတဲ့ စစ်ဘေးရှောင်စခန်းများနဲ့ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသူများကို ဇန်နဝါရီ ၇ ရက်နေ့ကနေစတင်ပြီး တုပ်ကွေးရောဂါစစ်ဆေးပေးခြင်းကို လုပ်ဆောင်နေပါတယ်။

တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ဖို့ ယခုလိုလုပ်ဆောင်ပေးခြင်းဖြစ်ကာ ရောဂါရှိသူများကိုလည်း ဆေးကုသမှုပေးသွားနိုင်ဖို့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရောဂါစစ်ဆေးခြင်းလုပ်ငန်းကို ဇန်နဝါရီ ၇ ရက်နေ့ကနေစတင်ပြီး မိုင်ဆက်ပါ၊ လမိုင်ယန်၊ မုန်လိုင်ခတ်၊ ဝှေကြိုင်စစ်ဘေးရှောင်စခန်း၊ ဂျဲယန်စစ်ဘေးရှောင်စခန်း၊ လေ့ကျင့်ရေးဌာန၊ သတင်းပြန်ကြားရေးဌာနနဲ့ လိုင်ဇာရပ်ကွက် (၅) စတဲ့နေရာများတွင် စစ်ဆေးပေးခြင်းများလုပ်ဆောင်ခဲ့ကာ တုပ်ကွေးရောဂါရှိနေသူ ၈ ဦးကို တွေ့ရှိခဲ့ရကာ အခြားသောဌာနများကိုလည်း ဆက်လက်လုပ်ဆောင်ပေးသွားဖို့ရှိနေပါတယ်။

အများပြည်သူအနေဖြင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့အရာများကို လိုက်နာပြီး တုပ်ကွေးရောဂါစစ်ဆေးခြင်းကို အားလုံးခံယူကြဖို့ လိုအပ်ကာ ကျန်းမာရေးလိုက်စားကြဖို့လည်း ဆရာဝန်ကပြောထားသလို ယခုလိုစစ်ဆေးပေးခြင်းကို ၂၀၁၉ ခုနှစ်ကနေစတင်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

*