ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကုံးမြို့ အနီးရှိ ကောင်းတပ်နဲ့ ကောင်းလုံရွာ အကြားတွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲမှ ညနေ၄ နာရီအထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

MNDAA တပ်ပေါင်းစုတို့ အခြေစိုက် တပ်စွဲထားတဲ့ နေရာကို စစ်ကောင်စီတပ်တို့ဘက်မှ ထိုးစစ်ဆင် တက်လာရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး သေဆုံးမှု များပြားခဲ့သလို အလောင်းများကို ကားဖြင့် သယ်ဆောင်သွားရတာတွေလည်း များစွာရှိကာ အရေအတွက်အတိအကျကိုတော့ မသိရှိရသေးပါဘူး။
မုံးကိုး-ဖောင်းဆိုင်ဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်ကြား မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကျေးရွာအချို့ရှိ ပြည်သူများကလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။