ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကျန်းမာရေးဝန်ထမ်းတွင် ကာကွယ်ဆေးထိုးခံသူ ပြည်သူများ အသွားအလာကန့်သတ်စောင့်ကြည့်ခံယူ

လွယ်ဂျယ် ဝင်းခမ်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကျန်းမာရေးဝန်ထမ်းနဲ့ ကာကွယ်ဆေးထိုးခံခဲ့သူ လွယ်ဂျယ်အနီးတဝိုက်မှ ပြည်သူ အယောက် ၇၀ ကျော်ကို လက်ရှိအချိန်တွင် သတ်မှတ်ထားတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာများတွင် စောင့်ကြည့်ခံနေကြောင်း ဒေသရှိ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီထံမှ သိရှိရပါတယ်။ စောင့်ကြည့်ခံသူ အယောက် ၇၀ တွင် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ အများစုဖြစ်ကာ ကျန်ရှိနေသေးတဲ့ လွယ်ဂျယ်ဝင်းခမ်းမှာ ကာကွယ်ဆေးထိုးနံခဲ့သူ ပြည်သူများနဲ့ သူတို့ရဲ့ မိသားစု၊ တွေ့ဆုံခဲ့သူများကိုလည်း ဆက်လက်ပြီးစုံစမ်းနေကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တဆက်တည်း စောင့်ကြည့်ခံရသူတွေနဲ့ ဆက်လက်စုံစမ်းရရှိတဲ့ အများပြည်သူများကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ အရှေ့ပိုင်းဌာနချုပ်အတွင်း မိုင်ဂျာယန် အသွားအလာကန့်သတ်စောင့်ကြည့်ရေးနေရာနဲ့ ဗန်းမော်ဒေသ လနာ့ဇွပ်စောင့်ကြည့်ရေးနေရာ နှစ်နေရာရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးများ လုပ်ဆောင်နေတဲ့အထဲ ကျန်းမာရေးစောင့်ကြည့်ခံသူ အယောက် ၁၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

*