ကိုဗစ်-၁၉ ကာလအတွင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ပိုမိုခံစားနေရ

ကိုဗစ်-၁၉ ရောဂါကြောင့် အသွားအလာကန့်သတ်ထားချိန်တွင် အိမ်ထောင်စုအတွင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှုကို ပိုမိုခံစားနေရကာ ကချင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံမှာ တစ်နေ့ထက်တစ်နေ့ပိုမိုဖြစ်ပွားလာမှုတွေ ရှိနေပါတယ်။

ယခုလိုဖြစ်ပွားရခြင်းအကြောင်းရင်းအများစုက ရောဂါထိန်းချုပ်ကာလအတွင်း အသွားအလာကန့်သတ်ချက်များကြောင့် လုပ်ငန်းဆောင်တာ နှောင့်နှေးအဆင်မပြေမှုတွေ၊ အလုပ်လက်မဲ့ဖြစ်ပွားရတာတွေ၊ အိမ်ထောင်စုများအတွင်း စားဝတ်နေရေးခက်ခဲလာမှုတွေကြောင့် အိမ်တွင်းနေထိုင်ပြီး အဆင်မပြေမှုတွေများလာခြင်းကြောင့် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေ ပိုမိုလုပ်ဆောင်လာသလို ဥပဒေကလည်း အပြည့်အဝကာကွယ်နိုင်ပေးခြင်းမရှိတာကြောင့် အမျိုးသမီးများ ပိုမိုခံစားနေရတာဖြစ်ပါတယ်။

“အခုလို အိမ်ထောင်စုအတွင်း အိမ်ထောင်ရှင်မတွေကို အိမ်တွင်းအကြမ်းဖက်မှုလုပ်ဆောင်နေတာ အရေးယူဖို့ဆိုရင်လည်း ပြုလုပ်သူတွေကိုယ်တိုင်က ဥပဒေကို မသိနားမလည်ဖြစ်နေပြီး ကျူးလွန်လို့ကျူးလွန်မှန်းလည်းမသိကြဘူး၊ အမျိုးသမီးဖြစ်ဖြစ် အမျိုးသားဖြစ်ဖြစ် အိမ်ထောင်အတွင်း ပြဿနာဖြစ်ရင် ကိုယ်ထိလက်ရောက်ဖြစ်မှုတွေက ရှိနေကြပါတယ်” လို့ Htoi Gender And Development Foundation ရဲ့ ဒါရိုက်တာ ဆရာမနန်ပူ ကပြောပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုတွေ လျော့ပါးလာဖို့ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာပါက ကိုယ်ထိလက်ရောက်ဖြစ်မှုတွေ မပြုလုပ်ပဲ ဥပဒေအတိုင်း လုပ်ဆောင်ကြဖို့နဲ့ ဖြစ်ပွားလာပါက ဥပဒေအရအရေးယူမှုတွေ ထိရောက်စွာလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

Leave a Reply

*