ကိုဗစ်-၁၉ ကာလကြား သူနာပြု ဒီပလိုမာကျောင်းဆင်းပွဲပြုလုပ်

ကေအိုင်အို ဗဟို ကျန်းမာရေးဌာနမှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ အမှတ်စဉ် (၉) သူနာပြု ဒီပလိုမာဘွဲ့ ကျောင်းသား ၅၅ ဦးနဲ့ သားဖွားသင်တန်းသား (၅၅) ယောက်ကို အသိအမှတ်ပြုအခမ်းအနားတစ်ခုကို ဇူလိုင် ၃၀ ရက်နေ့က ဌာနချုပ်ဆေးရုံဝန်းရှိ ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

ကိုဗစ်-၁၉ အချိန်ကာလဖြစ်တာကြောင့် အပြင်ဧည့်သည်များ ပါဝင်ခြင်းမပြုလုပ်ပဲ သက်ဆိုင်ရာ ဆရာမတွေနဲ့ ဗဟိုကျန်းမာရေးဌာနမှ တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူး တူးအောင်မှ လာရောက်ပါဝင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း အမှတ်စဉ် (၁၀) ကို ၂၀၂၁ ခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

*