ကိုဗစ်အတည်ပြုလူနာ တစ်သိန်းကျော်သွားပြီ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်း (၉) လအကြာမှာတော့ အတည်ပြုလူနာ တစ်သိန်းကျော်လွန်သွားခဲ့ပြီဖြစ်ကာ ဓာတ်ခွဲနမူနာ ၁၃ သိန်းကို စမ်းသပ်စစ်ဆေးစဉ်တွေ့ရှိရတာပဲဖြစ်ပါတယ်။

ဓာတ်ပုံ – MOHS

ဒါဟာ ကိုဗစ်-၁၉ ပထမဆုံးဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံရဲ့ ဖြစ်ပွားနှုန်းကို ကျော်တက်သွားခြင်းဖြစ်ကာ အိမ်နီးချင်းနိုင်ငံတွေထဲမှာရော အာဆီယံနိုင်ငံတွေထဲမှာပါတတိယအဆင့်ရောက်ရှိနေပြီဖြစ်ကာ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ထဲမှာတော့ ၆၈ နေရာတွင် ရောက်ရှိနေပြီဖြစ်ပြီး ယခုတလော အနည်းငယ်မျှကျဆင်းလာတယ်လို့ ဆိုနိုင်ပေမယ့် တနိုင်ငံလုံးအတိုင်းအတာမှာ ဖြစ်ပွားနေတာကတော့ တိုးလာနေပါတယ်။

ကိုဗစ်-၁၉ အတည်ပြုပြီး ကျန်းမာရေးကုသမှုများခံယူကာ ဆင်းရုံဆင်းခွင့်ရရှိသွားသူတွေကလည်း ၈ သောင်းနီးပါးရှိကာ သေဆုံးမှုကလည်း တစ်ရက်တွင် ၂၀ ဦးအထက် ရှိနေကာ ကိုဗစ်ရောဂါနဲ့အခြားရောဂါအခံများကြောင့် သေဆုံးသွားသူတွေကလည်း ၂ ထောင်ကျော်သွားပြီပဲဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင်လည်း ယခုတလော ပိုးတွေ့ရှိမှု တိုးပွားနေကာ လက်ရှိအချိန်အထိ ပိုးတွေ့လူနာ ၃၁၂ ဦးအထိ ရောက်ရှိသွားပြီး တစ်ရက်တွင် ၁၀ ဦးအထက်ဖြစ်ပေါ်နေကာ အများစုကတော့ ဖားကန့်မြို့နယ်တွင် ဖြစ်ပွားနေခြင်းဖြစ်ကာ သက်သာပျောက်ကင်းသွားသူကတော့ ၁၉၆ ယောက် ဖြစ်ပါတယ်။

Leave a Reply

*