ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူ ၆၀၀ ကျော်ရှိကာ ကျန်းမာရေးစောင့်ရှောက်ပေးအပ်နေတာဖြစ်ပြီး ဇူလိုင် ၂၃ ရက်နေ့ ထပ်မံစစ်ဆေးရာမှာတော့ ကူးစက်ခံထားရသူထဲမှ ၁၁၅ ဦး ရောဂါပိုးကင်းစင်ပြီး Negative ပြသထားကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး အရှေ့ပိုင်းဌာနချုပ် ကော်မတီထံမှ သိရပါတယ်။

ကိုဗစ်ပိုးကင်းစင်ကြောင်း ပြသထားသူများကို ဇူလိုင် ၂၄ ရက်နေ့ကစတင်ပြီး ကျန်းမာရေးစောင့်ကြည့်စင်တာဘက် ပြောင်းရွေ့ကာ ထပ်မံစောင့်ကြည့်ပြီး ဆေးဝါးကုသမှု ပေးအပ်နေတာဖြစ်ပါတယ်။
မိုင်ဂျာယန်မြို့တွင်း ကိုဗစ်စစ်ဆေးခြင်းတွေကို ဆက်တိုက်လုပ်ဆောင်နေရာ ထပ်မံတွေ့ရှိထားမှုမရှိပေမယ့် ကိုဗစ်-၁၉ ရောဂါပိုးရှိသူများကို ကုသမှုပေးအပ်နေတဲ့ စေတနာ့ဝန်ထမ်းမှ ၇ ဦးကတော့ ကိုဗစ်ကူးစက်မှုခံထားရကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ဆေးဝါးကုသမှုခံယူနေသူ ၅၄၉ ဦးရှိနေသေးကာ ရောဂါပိုးကင်းစင်ကြောင်း ပြသထားသူ ၁၇၃ ထိရောက်ရှိနေပြီပဲဖြစ်ပါတယ်။