ကိုဗစ်ပိုးကူးစက်မှုများပြားခဲ့တဲ့ အင်ဂွမ်းလကျေးရွာမှ ၂၇၀ ဦး ပိုးကင်းစင်ပြီ

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများပြားခဲ့တဲ့ အင်ဂျန်းယန်မြို့နယ်၊ အင်ဂွမ်းလကျေးရွာတွင် ပိုးကူးစက်မှုတွေ ဆက်လက်ရှိနေသေးကာ ဆေးဝါးကုသမှုကိုလည်း စဉ်ဆက်မပျက် ကုသမှုပေးအပ်နေပြီး လက်ရှိအချိန်ထိ ရောဂါပိုးတွေ့လူနာ (၅၂၅) ဦးရှိနေကာ တစ်ပတ်အတွင်း ပိုးကင်းစင်သွားသူကတော့ (၂၇၀) ဦးရှိနေပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေဖြစ်တဲ့ အင်ဂွမ်းလကျေးရွာအတွက် ကေအိုင်အို ကျန်းမာရေးဗဟိုဌာနမှ လူမှုကယ်ဆယ်ရေးအဖွဲ့ စေလွတ်ကာ ကုသမှုပေးအပ်နေတာဖြစ်ပါတယ်။ ကျန်းမာရေး ဗဟိုဌာနမှ ဆရာဝန် (၈) ဦးကိုစေလွတ်ထားကာ မြောက်ပိုင်းဒေသရှိ ဆေးဝန်ထမ်းများနဲ့အတူ ပူးတွဲကာ ကိုဗစ်လူနာများကို ဆေးဝါးကုသမှု ပေးအပ်နေပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့က စတင်ပြီး ကျေးရွာအတွင်း ကိုဗစ်ပိုးပျံ့နှံမှုများပြားခဲ့တာကြောင့် အသွားအလာကန့်သတ်ထားရှိပြီး ခရီးသွားလာမှုများကို ပိတ်ပင်ထားကာ ကျေးရွာအတွင်းရှိ ပြည်သူများကိုလည်း ရပ်ကွက်အလိုက် ကိုဗစ်စစ်ဆေးခြင်းတွေကို စဉ်ဆက်မပျက်လုပ်ဆောင်နေကြောင်း ကိုဗစ်ကော်မတီထံမှ သိရပါတယ်။

Leave a Reply

*