ကိုဗစ်ကာကွယ်ဆေး ယူကေနိုင်ငံတွင် ထိုးနှံတော့မည်

ကမ္ဘာမှာပထမဦးဆုံး ကိုဗစ်ကာကွယ်ဆေးရလဒ်ထုတ်ပြန်ခဲ့တဲ့ ဖိုင်ဇာ Pfizer နဲ့ဘိုင်ယွန်တက်ခ် BioNTech ကုမ္ပဏီထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသုံးပြုဖို့ ယူကေနိုင်ငံက ခွင့်ပြုပေးလိုက်ပါပြီ။

Photo Credit

ဒီကုမ္ပဏီနှစ်ခုပေါင်းစပ်ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးက ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးတယ်ဆိုတဲ့ ရလဒ်ကောင်းကို ရရှိထားကြောင်း လွန်ခဲ့သောလကမှ ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်။

ထိုထုတ်ပြန်ချက်အပြီး နောက်ထပ်အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မိုဒါးနား Moderna ကုမ္ပဏီရဲ့ကာကွယ်ဆေးကလည်း ၉၅ ရာခိုင်နှုန်းအထိ ရလဒ်ကောင်းရရှိထားကာ ယူကေနိုင်ငံရှိ  အောက်စ်ဖို့ဒ် တက္ကသိုလ်နဲ့ အက်စရာ ဇနက်ကာ ဆေးကုမ္ပဏီရဲ့ ဖော်စပ်ထားတဲ့ ကာကွယ်ဆေးကလည်း ၇၀ ရာခိုင်နှုန်းကျော်အထိ အောင်မြင်မှုရရှိထားကြပါတယ်။

ယူကေနိုင်ငံတလွှား ကာကွယ်ဆေးထိုးနှံမှုကို လာမည့်အပတ်တွင် ပထမဦးစားပေးအဖြစ်သတ်မှတ်ထားသူများကို စတင်သွားဖို့ရှိနေကာ ဖိုင်ဇာဆေးက အပူချိန် အနုတ် ၇၀ ဒီဂရီ ဆဲလ်စီယပ်တွင် သိုလှောင်ထားရတာကြောင့် အခက်အခဲတော့တွေ့စေတယ်လို့ ပညာရှင်များက သုံးသပ်ထားကြပါတယ်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကာကွယ်ဆေးရရှိဖို့ ကြိုးစားနေတယ်လို့ ပြည်တွင်းသတင်းတွေကဖော်ပြနေသလို အမည်စာရင်းကောက်ခံမှုတွေလည်း လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

Leave a Reply

*