ကေအိုင်အိုအစိုးရ ထိန်းချုပ်နယ်မြေ ဌာနချုပ်ဒေသနဲ့ အရှေ့ပိုင်းဌာနချုပ်ရှိ တာဝန်ထမ်းဆောင်နေသူများနဲ့ ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို အဆက်အပြတ်လုပ်ဆောင်နေကြောင်း ကိုဗစ်-၁၈ ရောဂါ ကာကွယ်နှိမ်နှင်းရေးဗဟိုကော်မတီထံမှ သိရှိရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို အသက် ၁၈ နှစ်ကနေ ၆၀ ကြားသတ်မှတ်ထားပြီး ကျန်းမာရေးကောင်းမွန်ခြင်းရှိမရှိ ဦးစွာစစ်ဆေးပြီး ထိုးနှံပေးခြင်းဖြစ်ကာ ကာကွယ်ဆေးထိုးနှံခြင်းကို ဒေသရှိ လူဦးရေ ၄၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးသွားမှာဖြစ်ကြောင်း ကိုဗစ်ကော်မတီ အတွင်းရေးမှူးကပြောပါတယ်။
ကေအိုင်အိုအစိုးရ ဦးဆောင်ပြီး စီမံလုပ်ဆောင်ရာမှ ဖေဖော်ဝါရီ လကုန်ကနေစတင်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးကို တာဝန်ထမ်းဆောင်နေသူများကို ဦးစွာထိုးနှံပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒုတိအကြိမ်မြောက် ထိုးနှံပြီးသွားပြီပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ပြည်သူလူထုကိုလည်း ကာကွယ်ဆေးထိုးနှံမှုတွေ ပြလုပ်ပေးနေသလို ကေအိုင်အိုထိန်းချုပ်နယ်မြေတိုင်းတွင် ဒေသအခြေအနေပေါ်မူတည်ပြီး တိုးချဲ့ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။