ကာချုပ်ရဲ့ဖိတ်ခေါ်မှုနဲ့ကေဘီစီတွေ့ဆုံ

ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (ကေဘီစီ) နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့တို့ ဒီဇင်ဘာ ၁ ရက်နေ့လည်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးကိစ္စရပ်များအပြင်အခြားသောအရာများကို တွေ့ဆုံဆွေးနွေးမှုကို မြစ်ကြီးနားမြို့ရှိ မလိခရိပ်သာတွင် ပြလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – KBC Kachin

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဖိတ်ခေါ်မှုအရ ကေဘီစီအနေဖြင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ဒေသကို စိတ်ချလုံခြုံစွာပြန်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့ အားလုံးအတူတကွ လုပ်ဆောင်သွားကြဖို့ စတဲ့အကြောင်းအရာများကို ဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့ ကေဘီစီတွဲဖက်အတွင်းရေးမှူး သိက္ခာတော်ရဆရာလဂန်ဇယ်ခေါင်ကပြောပါတယ်။

“စစ်ဘေးရှောင်ပြည်သူတွေအားလုံး နေရပ်ပြန်ရေးတွင် မြေမြုပ်မှိုင်းများရှင်းလင်းပေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို လုပ်ဆောင်ရအောင်၊ အတူတကွရှာဖွေကြစို့ ဆိုပြီးသူတို့ဆွေးနွေးတင်ပြပါတယ်၊ ပြီးတော့ ကိုဗစ်ရောဂါကို ပူးပေါင်းကာကွယ်နှိမ်နှင်းဖို့ စတာတွေကို ဆွေးနွေဖြစ်ပါတယ်” လို့သူကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုမှာတော့ ကေဘီစီဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန်၊ တွဲဖက်အတွင်းရေးမှူး၊ ဖွံ့ဖြိုးရေးဌာနခေါင်းဆောင်၊ ရောဂါကုသရေးဌာနခေါင်းဆောင်၊ မြစ်ကြီးနားဇုံနယ်နဲ့ ဝိုင်းမော်ဇုံနယ် အတွင်းရေးမှူးများပါဝင်ခဲ့ကြပါတယ်။

Leave a Reply

*