ကဝါးပန်ကျေးရွာ နှင့် ထင်ဘိုင်လုံကျတ် အောက်ပိုင်းတစ်လျှောက်တိုက်ပွဲဖြစ်ပွား

KIA တပ်ရင်း(၂၂) မှတပ်ဖွဲ့ဝင်များနှင့် ဆွမ်ပရာဘွမ်လမ်း နမ်ခမ်းမှတက်လာသော မြန်မာ့တပ်မတော် စစ်ကြောင်း သည် ၂၀၁၈ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၁၁:၅၀ မှ နေ့လည် ၁၂:၁၅ အချိန်အတွင်း ဆွမ်ပရာဘွမ်၊ ထင်ဘိုင်လုံကျတ် အောက်ပိုင်းတစ်လျှောက်တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းသိရှိရသည်။

KIA တပ်ရင်း(၇) တပ်ဖွဲ့ဝင်များနှင့်  မြန်မာ့တပ်မတော် စစ်ကြောင်း သည်လည်း ကဝါးပန်ကျေးရွာ ၌  ဖေဖော်ဝါရီ ၂၂ ရက်နေ့ နံနက် ၁၀:၁၅ တွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်းသိရှိရသည်။

Leave a Reply

*