ချီဖွေမြို့နယ် ကန်ပိုင်ယန်ရပ်ကွက်နဲ့ နှစ်မိုင်နီးပါးဝေးကွာတဲ့ နေရာမှာ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ပါတယ်။ အသက် (၄၂) နှစ်အရွယ် ဒေါ်လွမ်းနောရဲ့ ဘယ်ခြေထောက် ဆိုးရွားစွာထိခိုက်ခဲ့တာကြောင့် ချီဖွေဆေးရုံကြီးကို သွားရောက်ပြသပေမယ့် ဒဏ်ရာဆိုးရွားမှုရှိနေတာကြောင့် မြစ်ကြီးနားဆေးရုံကြီးဘက်ကို လွဲပြောင်းပေးခဲ့ရပါတယ်။
“သူအခုတော့ မြစ်ကြီးနားဆေးရုံကြီးမှာပါ ခြေထောက်စုတ်ပျက်သွားတာဆိုတော့ တော်တော်တော့ ဆိုးရွားတယ်၊ မနေ့ညက သတင်းကြားတာကတော့ ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်တဲ့” လို့ ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
ဒေါ်လွမ်းနောရဲ့ အမျိုးသားက လွန်ခဲ့သော ၃ တွင် သေဆုံးသွားခဲ့ကာ ကလေး ၄ ဦးကို ကျွေးမွေးပြုစုနေတဲ့ မိခင်တစ်ဦးဖြစ်တာကြောင့် ယခုလိုဖြစ်ပွားခြင်းအပေါ် ဒေသခံများက လွန်စွာဝမ်းနည်းစာနာမှုဖြင့် ကူညီနေကြပါတယ်။
ပေါက်ကွဲခဲ့တဲ့ မိုင်းက ဘယ်အဖွဲ့ထောင်ထားသော မိုင်းဖြစ်တယ်ဆိုတာကို အတိအကျပြောဆိုဖို့ခက်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအနေဖြင့် အနီးဝန်းကျင်ရှိ တောအုပ်များကို ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့ ဆော်ဪနေကြပါတယ်။