ကလေးငယ်နှစ်ဦး ရေလှောင်ကန်ထဲ ပြုတ်ကျသေဆုံး

မြစ်ကြီးနား – ဖားကန့် လမ်းရှိ ဆိုင်းဖရာကျေးရွာမှာ ဘက်ဖိုးကလော်ထားတဲ့ လေးပေခန့်ရှိ ရေလှောင်ကန်သဖွယ်ဖြစ်နေတဲ့ကျင်းထဲကို ဇူလိုင်လ ၃ ရက်နေ့က အသက် (၈)နှစ်အရွယ် အမွှာညီအစ်ကိုတို့ နစ်မြုပ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ ထိုအမွှာညီအစ်ကိုက ဆိုင်ဖရာကျေးရွာနေ ဦးအင်ခွန်ဘရန်မိုင်နဲ့ ဒေါ်ဒဘန်လုတို့ရဲ့ သား မောင်မုန်ရာနဲ့ မောင်မုန်ထွယ်တို့ ဖြစ်ကြကာ မိဘများအလုပ်သွားနေချိန် အစ်ကိုဖြစ်သူနဲ့အတူ ညီအစ်ကို ၄ယောက် ငါးမျှားသွားချိန် အစ်ကိုနဲ့ ညီဖြစ်သူတို့ အရင်ပြန်သွားကာ အမွှာနှစ်ဦးက ကျန်ရစ်ခဲ့ပြီး အိမ်ပြန်ချိန်ပြန်မရောက်လာတာကြောင့် မိဘများနဲ့ အနီးဝန်းကျင်ရှိမိတ်ဆွေများ လိုက်ရှာစဉ် နေ့လည် ၂ နာရီအချိန်မှာတော့ အိမ်နဘေးရှိ ရေလှောင်ကန်ထဲတွင် နစ်မြုပ်သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

သူတို့ညီအစ်ကိုတွေ ငါးမျှားသွားတာတဲ့၊ အဲ့အချိန်မှာ အစ်ကိုက ပြန်ရအောင်ဆိုပြီး အတူခေါ်ပြန်ခဲ့ချိန် ဖိနပ်ကျန်ခဲ့တယ်ဆိုပြီး အစ်ကိုက ပြန်သွားယူခိုင်းချိန် ပြန်ရောက်မလာတော့ ဘယ်လိုဖြစ်တာလဲဆိုတာကို ဘယ်သူမှလည်း မတွေ့ကြဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကလေးနှစ်ဦးသေဆုံးနေတဲ့ ရေလှောင်ကန်က  ဒေသအခေါ်အဝေါ် ရတနာတစ်မျိုးဖြစ်တဲ့ ပုတီး ရှာဖွေဖို့ မြေကော်စက် (ဘက်ဖိုး) ဖြင့်တူးထားတဲ့ ဒေါ်ဘောက်ခေါန်နဲ့ ဦးကြည်လွင်တို့ ရဲ့ မြေယာ ခြံမြေထဲမှာ ဖြစ်ပွားခဲ့တာပါ။

အမွှာညီအစ်ကိုရဲ့ ရုပ်အလောင်းကိုတော့ ဇူလိုင်လ ၄ ရက်နေ့က မြေမြုပ်သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကာ ပုတီး၊ ကျောက်နီနဲ့ ရွှေ စတဲ့ရတနာတွေ ထွက်တဲ့ ဆိုင်ဖရာကျေးရွာမှာ ယခုလိုဖြစ်ရပ်က ယခင်ဖြစ်ပွားခဲ့ဘူးခြင်းမရှိပေမယ့် ကျွဲ နွားများကတော့ ရတနာရှာဖွေရေးလုပ်ဆောင်ထားတဲ့ ကျင်းဟောင်းများထဲကို ပြုတ်ကျပြီး သေဆုံးမှုတွေက အမြဲလိုလိုဖြစ်ပွားနေတာဖြစ်ခြင်းကြောင့် ဒေသခံများကတော့ စိုးရိမ်မှုတွေ ရှိနေရပါတယ်။

Leave a Reply

*