ကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွား

မြစ်ကြီးနာမြို့ တပ်ကုန်း ထွယ်ဆန်ရပ်ကွက်တွင် ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့်တွင် အသက် (၇)နှစ်အရွယ် အမျိုးသမီးကလေးငယ်တစ်ဦးကို ၄၉ နှစ်အရွယ် ပထွေးဖြစ်သူက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရှိရပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ ကလေးဖခင်က ဦးကိုကိုဆန်းဖြစ်ကာ မိခင်ဒေါ်ခေါင်နောနဲ့ အိမ်ထောင်ကွဲသွားပြီး မိခင်ဖြစ်သူက နောက်အိမ်ထောင်အဖြစ် ဦးသန့်ဇင်နဲ့ နေထိုင်စဉ် ပထွေးဖြစ်သူ ဦးသန့်ဇင်က ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

ယခုဖြစ်ရပ်က သက်ငယ်မုဒိန်းမှုဖြစ်တာကြောင့် တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ဒေသရဲများက ကျူးလွန်သူ ဦးသန့်ဇင်ကို ပလနရဲစခန်းတွင် ပ ၃၇/၂၀၂၀ ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်ထားကာ အဒေါ်ဖြစ်သူကလည်း သက်ငယ်မုဒိန်းပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားပါတယ်။

Leave a Reply

*