ကရင်စစ်ရှောင်များကို ထိုင်းအာဏာပိုင်းများက နေရပ်ပြန်ပို့

ကရင်ပြည်နယ် မူတြော်ခရိုင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီတပ်များရဲ့ လေကြောင်းပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို တိမ်းရှောက်ထွက်ပြေးခဲ့ရတဲ့ အူးဝဲကလိုးနဲ့ ပကာဒဲရွာမှ ဒေသခံကရင်စစ်ရှောင်ရွာသား ၅၂၀ ဦးအား ထိုင်းအာဏာပိုင်များက ယနေ့ နေ့လည်ပိုင်းတွင် ထပ်မံပို့လိုက်သလို ယမန်နေ့ကလည်း စစ်ရှောင် ၂၀၀၉ ဦးကို နေရပ်ပြန်ပို့ခဲ့ကြောင်း ဒေသသတင်းအရင်းအမြစ်တွေအရ KIC – သတင်းစဉ်က ဖော်ပြထားပါတယ်။

ယမန်နေ့က ပို့ဆောင်ခံလိုက်ရတဲ့ အီတူးထာဒေသခံစစ်ရှောင်များက အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုတွေ ဆက်ရှိနိုင်တာကြောင့် နေအိမ်မပြန်ရဲသေးကာ လက်ရှိအချိန်တွင် နီးစပ်ရာတောတောင်များတွင် သွားရောက်ပုန်းအောင်းနေကြသည်ဟု သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မည့်သတင်းကြောင့် မယ်နုထာ၊ ဟိုကေ၊ အီတူထားစတဲ့ စစ်ရှောင်ပြည်သူများ ခိုလှုံကြတဲ့ ကျေးရွာများမှ ဒေသခံများနဲ့ သံလွင်မြစ်နံဘေးတစ်လျှောက်ရှိ ဒေသခံ ၃၀၀၀ကျော်မှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

Leave a Reply

*