ကမ္ဘာ့စက်မှု ထိပ်သီး ၇ နိုင်ငံခေါင်းဆောင်များ မြန်မာစစ်တပ် အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

ယူကေနိုင်ငံက အိမ်ရှင်အဖြစ် ဇွန်လ ၁၂ နဲ့ ၁၃ ရက်နေ့ Cornwall တွင် ကျင်းပခဲ့တဲ့ ကမ္ဘာ့ စက်မှု ထိပ်သီး ၇ နိုင်ငံခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းခြင်းနဲ့ လုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်တဲ့အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့ပြီး မတရားဖမ်းဆီးထားသူများကို ချက်ချင်းပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

တည်ငြိမ်ပြီး အားလုံးပါ၀င်နိုင်မယ့် ဒီမိုကရေစီတစ်ရပ်အတွက် ငြိမ်းချမ်းစွာထောက်ခံအားပေးလှုပ်ရှားသူတွေကို ကျွန်ုပ်တို့ ပံ့ပိုးကူညီသွားမှာဖြစ်ကာ အာဆီယရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း ကြိုဆိုသလို အမြန်ဆုံးအကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းထားပါတယ်။

ထို့ပြင် အာဏာသိမ်းစစ်တပ်ကို လက်နက်များရောင်းချခြင်းနဲ့ ဖွံ့ဖြိုးရေးအကူအညီများ စစ်တပ်အတွက် အကျိုးမဖြစ်ထွန်းစေဖို့ သေချာလုပ်ဆောင်သွားမှာဖြစ်သလို စီးပွားရေးလုပ်ငန်းရှင်များရဲ့ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုများတွင် စစ်တပ်ဆီမရောက်ရှိစေဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကမ္ဘာ့ စက်မှု ထိပ်သီး ၇ နိုင်ငံအနေဖြင့် စစ်ကောင်စီကို အရေးယူနေမှုတွေ ထပ်လောင်းလုပ်ဆောင်သွားမှာဖြစ်သလို ထိခိုက်လွယ်သူများနဲ့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင် ရွှေ့ပြောင်းနေကြရသူများ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လက်လှမ်းမီရရှိစေရေးနဲ့ အကူအညီပေးမှုတွေကို လုပ်ဆောင်ပြီး အဖွဲ့အစည်းများကိုလည်း တိုက်တွန်းမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Leave a Reply

*