ကဂျီးထုဘော်ဒါကျောင်းမှ ကိုဗစ်ပိုးရှိသူများ ပျောက်ကင်းသက်သာပြီ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ကဂျီးထုကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံခဲ့ရတဲ့ ကျောင်းသားများကို ပိုးရှိမရှိပြန်လည်စစ်ဆေးရာမှာတော့ အားလုံးပိုးမရှိကြောင်း အဖြေထွက်ခဲ့တယ်လို့ ကေအိုင်အို ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေး မြောက်ပိုင်းဒေသကော်မတီထံမှ သိရပါတယ်။

Photo Credit to Owner

ကိုဗစ်ပိုးကူးစက်ခံလိုက်ရသူ ၅၉ ဦးရှိခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျန်းမာရေးစောင့်ကြည့်မှု ခံယူနေကြကာ ကျောင်းသားများအားလုံး ကျန်းမာရေးကောင်းမွန်နေသလို ကွာရန်တင်းဝင်ခြင်း ရက်ပြည့်သွားပါက ထပ်မံစစ်ဆေးသွားဖို့ ရှိနေပါတယ်။

ဘော်ဒါကျောင်းသားများတွင် ကိုဗစ်ပိုးရှိကြောင်း တွေ့ရှိခဲ့ရအပြီး ဒေသခံပြည်သူများကိုလည်း စစ်ဆေးရာမှာတော့ ၃ ဦးတွင် ကိုဗစ်ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတာကြောင့် လက်ရှိအချိန် ဆေးကုသရေးနေရာတွင် ဆေးဝါးကုသမှု ပေးအပ်နေကြောင်း သိရပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေထဲမှ ဆွမ်ပရာဘွမ်မြို့နယ်တွင် ကိုဗစ်ပိုးကူစက်ခံရခြင်းကြောင့် ဆေးဝါးကုသမှုခံယူနေသူ ခဘာကွာရန်တင်းနေရာတွင် ၈ ဦး၊ ကဂျီးထုကျေးရွာတွင် ၃ ဦး စုစုပေါင်း ၁၁ ဦးရှိပြီး ပူတာအိုမြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာတော့ ကိုဗစ်ပိုးရှိသူ မရှိသေးကြောင်း သိရပါတယ်။

Leave a Reply

*