ကချင်လူမျိုးတွေရဲ့ ရပိုင်ခွင့်အပြည့်အဝ ရရှိရေးအတွက် မဆုတ်မနစ် အသက်ပေးကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများကို သတိရအောင့်မေ့ခြင်းအားဖြင့် ကချင်အာဇာနည်နေ့ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့က လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ကေအိုင်အို ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ အာဇာနည်နေ့မိန့်ခွန်းကိုတော့ ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး ဂွန်တန် ဂမ်ရှောင် ကဖတ်ကြားခဲ့ပါတယ်။

ကချင်လူမျိုးတွေကို နယ်ချဲ့ကိုလိုနီစိတ်ရှိတဲ့ စစ်အစိုးရက လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက် ဖိနှိပ်အုပ်ချုပ်ခဲ့မှုမှ လွတ်မြောက်ရေးနဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အပြည့်အဝ ပြန်လည်ရရှိဖို့ တော်လှန်ရေးလုပ်ဆောင်စဉ် အသက်ပေးသွားခဲ့တဲ့ ပြည်သူများနဲ့ တော်လှန်ရေးတပ်သားများအားလုံးကို သတိရအောက်မေ့ ချီးမြင့်တဲ့နေရပ်ဖြစ်ပါတယ်။
လိုလာတောင့်တတဲ့ နိုင်ငံရေးပန်းတိုင်ကို မျှော်ကြည့်ရင်း အသက်ဆုံးသည့်တိုင် ကြိုးစားအားထုတ်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများကို အများပြည်သူနဲ့ တော်လှန်ရေးတပ်သားများအနေဖြင့် အမြဲတစေသတိရနေခြင်း၊ ချီးမြင့်ခြင်း၊ အတုယူခြင်းများ ပြုလုပ်ပြီး တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေး လုပ်ငန်းများတွင် အားတွန်ခွန်စိုက်လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း မိန့်ခွန်းတွင် ဖော်ပြခဲ့ပါတယ်။
ကချင်အာဇာနည်နေ့အခမ်းအနားကို လွန်ခဲ့သောနှစ်များတွင် လူဦးရေများစွာဖြင့် တစ်ခန်းတစ်နားလုပ်ဆောင်ခဲ့ပေမယ့် ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကာလဖြစ်တာကြောင့် ဗဟို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးကော်မတီမှ ချမှတ်ထားတဲ့ စည်းကမ်းများဖြင့် လုပ်ဆောင်ရတာဖြစ်ခြင်းကြောင့် လူဦးရေ (၅၀) အထက်မကျော်စေပဲ ဌာနဆိုင်ရာအချို့တွင် ပြုလုပ်ခဲ့ကြပါတယ်။
ကချင်လူမျိုးတွေလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ခိုက်ဖို့ ခက်ခဲကြမ်းတမ်းမှာဖြစ်ပေမယ့် ပထမဦးဆုံးစတင်ခဲ့တဲ့ GOC လထော်ဇော်ဆိုင်းက ၁၉၇၅ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့တွင် အာဏာရူးများရဲ့ သတ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့နေရက်ဖြစ်ကာ (၁၂) ကြိမ်မြောက် ကချင်လွတ်မြောက်ရေးကောင်စီမှ ကချင်လူမျိုးများရဲ့ အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး တမျိုးသားလုံး လွတ်မြောက်ရေးလုပ်ငန်းတွင် အသက်ပေးဆပ်ခဲ့ကြသော သူရဲကောင်းများအားလုံးကို လေးစားသမုပြုခြင်းဖြင့် နှစ်စဉ်နှစ်တိုင်း ဩဂုတ်လ ၁၀ ရက်နေ့တွင် ကချင်လူမျိုးတွေ နေထိုင်နေတဲ့နေရာဒေသတိုင်းမှာ ကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ်။