ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (၁၈)နှစ် တင်းတင်းပြည့်ခဲ့ပြီ

အောက်တိုဘာ ၂၄ ရက်နေ့တွင် တည်ထောင်ခဲ့တာ (၁၈) နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ကာ ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခမ်းအနားကို အကျဉ်းချုပ်တာပြုလုပ်ပြီး ဝတ်ပြုဆုတောင်းခဲ့ပါတယ်။

ဓာတ်ပုံ – Kachin National Consultative Assembly

ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့အနေဖြင့် ကချင်ပြည်နယ်တဝှမ်းနဲ့ ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်လူမျိုးတွေနဲ့ နေရာတိုင်းမှာတည်ရှိနေတဲ့ ကချင်လူမျိုးများအတွက် လူမျိုးရေးရာများကို ဦးဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ကာ အခြားသောလူမျိုးများနှင့်လည်း ဆွေးနွေးတိုင်ပင်အဖြေရှာပြီး လိုအပ်တဲ့အရာများကို ရှေ့ဆောင်လမ်းပြနေတာဖြစ်တယ်လို့ အဖွဲ့အတွင်းရေးမှူး ဆရာအင်ခွမ်တန်ဂွမ်းကပြောပါတယ်။

အတိုင်ပင်ခံအဖွဲ့ စတင်တည်ထောင်ခြင်းနေ့ရက်အဖြစ် ဆုတောင်းခွန်အားယူခြင်းလုပ်ဆောင်ခဲ့ကာ နေရာတကာမှာရှိတဲ့ အဖွဲ့ဝင်များနဲ့ ကချင်လူထုအားလုံးကလည်း အဖွဲ့ကိုကူညီထောက်ပံ့ရင်း ရှေ့ဆက်လုပ်ဆောင်ရမည့် အမျိုးသားရေးရာများကို အတူတကွစည်းလုံးညီညွတ်စွာလုပ်ဆောင်သွားနိုင်ဖို့နဲ့ အကြံအဉာဏ်ပေးကြဖို့လည်း မျှော်လင့်နေပါတယ်။

Leave a Reply

*