ကချင်အမျိုးသမီးများအဖွဲ့ကော်မတီမှ ရိုးရာယဉ်ကျေးမှုနဲ့ ပက်သက်ပြီးတွေ့ဆုံဆွေးနွေးမှုပြုလုပ်မည်

ကချင်ပြည်နယ်သာမက ရှမ်းပြည်နယ်နေရာအနှံ့တွင် ကချင်အမျိုးသမီးများအဖွဲ့ကော်မတီမ ှရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်သောတိုင်ပင်ဆွေးနွေးပွဲကြီးပြုလုပ်မည်ဖြစ်ကြောင်း ကချင်ရိုးရာနှင့်စာပေယဉ်ကျေးမှုအဖွဲ့ချုပ်၊ အမျိုးသမီးကော်မတီမှ သိရှိရပါတယ်။

ဓာတ်ပုံ – JHG

ဤဆွေးနွေးပွဲကို JHG ကချင်အမျိုးသမီးကော်မတီမှဦးဆောင်မှာဖြစ်ပြီး covid-19 ကပ်ရောဂါအခြေအနေကိုစောင့်ကြည့်ကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

“ရှမ်းပြည်နယ်၊ ဗန်းမော်နေရာအနံ့မှာရှိတဲ့ ကျမတို့အမျိုးသမီးကော်မတီတွေ စုပေါင်းပြီးဆွေးနွေးပွဲပြုလုပ်မယ်ဆိုတဲ့ အစီအစဉ်ရှိပါတယ်။ ဒီကပ်ရောဂါ ပျောက်သွားတာနဲ့ လက်တွေ့အကောင်ထည်ဖော်မှာဖြစ်ပါတယ်”လို့ JHG အမျိုးသမီးကော်မတီခေါင်းဆောင် လရှီးခါးဒင်ကပြောပါတယ်။

ကချင်အမျိုးသမီးများရဲ့ ယဉ်ကျေးမှုဓလေ့များကို ပေါ့ပေါ့ပျက်ပျက်ပြုလုပ်လာမှုများကြောင့် သားစဉ်မြေးဆက် တစ်ဆက်ပြီးတဆက် ယဉ်ကျေးမှုများ မပျက်မစီး တည်ရှိခိုင်မြဲစေရန် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်းသိရပါတယ်။

ကချင်အမျိုးသမီးကော်မတီရဲ့ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး အမျိုးသမီးကော်မတီ၊ခေါင်းဆောင်များနဲ့တာဝန်ရှိသူများသည် ဇန်နဝါရီလ ၄ ရက်နေ့ JHG ရုံးခန်းတွင် ဆွေနွေးတိုင်ပင်ခဲ့ကြပါတယ်။

JHGအမျိုးသမီးကော်မတီမှ ယခုအချိန် ကချင်လူမျိုးများရဲ့ အမှတ်လက္ခဏာနဲ့ ပတ်သက်သော အလုပ်ကို ကျယ်ပြန့်စွာလုပ်ကိုင်နေကြောင်း JHG အမျိုးသမီးကော်မတီအဖွဲ့ဝင်များပြောကြားချက်အရသိရပါတယ်။

Leave a Reply

*