ကချင်လွတ်လပ်ရေးတပ်မတော်သားများ ဒေသခံပြည်သူများထံ သွားရောက်ကူညီ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ဘွမ်ဖရီဘွမ်ဒေသရှိ ကျေးရွာအချို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၉)မှ တာဝန်ရှိများ သွားရောက်တွေ့ဆုံကာ ဒေသခံပြည်သူများနဲ့ တွေ့ဆုံပြီး အစားအသောက်များနဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဝေငှခြင်းများ လုပ်ဆောင်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ပြည်သူများ အခက်အခဲနဲ့ ရင်ဆိုင်နေရချိန် တပ်ခွဲ (၂) ဘွမ်ဖရီဘွမ်ဒေသ ကော်မတီရုံးက ဦးဆောင်ပြီး အခက်အခဲတွေ့နေတဲ့ ပြည်သူများကို တတ်နိုင်တဲ့အနေအထားမှ ကူညီထောက်ပံ့ခြင်းလုပ်ဆောင်နိုင်ဖို့ ဦးမျှကျေးရွာရှိ ဒေသခံပြည်သူများထံ သွားရောက်တွေ့ဆုံပြီး ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များနဲ့ နှာခေါင်းစည်းများ ပေးဝေမှု ပြုလုပ်ခဲ့ကြပါတယ်။

လက်ရှိအချိန် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြင့် စိုးရွားစွာဖြစ်ပေါ်နေတာကြောင့် ပြည်သူများနဲ့တွေ့ဆုံပြီး ကျန်းမာရေးဆိုင်ရာ ပညာပေးခြင်းတွေ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ကာကွယ်ကုသနည်းများကို ပြောဆိုဆွေးနွေးမှု လုပ်ဆောင်ခဲ့ကြောင့် သွားရောက်ခဲ့သူများက ပြောပါတယ်။

ထိုဒေသများကို ယခင်နှစ်တွေတုန်းကလည်း ကချင်လွတ်လပ်ရေးတပ်မတော်သားများ သွားရောက်ပြီး ကျေးရွာများတွင် ဒေသခံပြည်သူများနဲ့ တွေ့ဆုံခြင်း၊ လုပ်အားပေးခြင်းများနဲ့ လိုအပ်တဲ့အရာများ ကူညီခြင်းတွေကို လုပ်ဆောင်ခဲ့ပြီး ဒေသခံပြည်သူများရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ဆက်လက်ကူညီမှု လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*