ကချင်ရိုးရာယဉ်ကျေးမှုဖွဲ့ချုပ်နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေး

ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေးအဖွဲ့ချုပ်(JHG) နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့များ နိုဝင်ဘာလ ၁၈ ရက်နေ့ဝိုင်းမော်မြို့စည်ပင်သာယာရုံးမှ မြို့ဝင်ဆိုင်းဘုတ်ပြုလုပ်ထားခြင်းနဲ့ ပတ်သက်ပြီးဆွေးနွေးတိုင်ပင်ခြင်းပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

ဓာတ်ပုံ – ဝိုင်းမော်စည်ပင်

ဒီဆွေးနွေးပွဲမှာ ဝိုင်းမော်မြို့၊ စည်ပင်သာယာရုံးတွင် ပြုလုပ်ထားသော ကချင်ရိုးရာမနောတိုင်နဲ့ မြို့ဝင်ဆိုင်းဘုတ် ပြုလုပ်ထားမှုကို မနှစ်သက်ဆန့်ကျင်နေသော ရှမ်းလူမျိုးအကြီးအကဲနှင့်ရှမ်းလူမျိုးစုအချို့ရဲ့ အမြင်သဘောထားများနှင့် ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေဌာနအဖွဲ့ချုပ်မှ သဘောထားများကို ညှိနှိုင်းဖလှယ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ရှမ်းရိုးရာအကြီးအကဲများမှ ဝိုင်းမော်မြို့အတွင်း ရှမ်းလူမျိုးများ အများစုနေထိုင်သောကြောင့် ယခုလို မြို့ဝင်ဆိုင်းဘုတ်ကို မနောတိုင်နှင့်ပြုလုပ်ခြင်းအား ကန့်ကွက်ခြင်း ကိုတင်သွင်းလာပြီး ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှ ကချင်ပြည်နယ်အတွက် တရားဝင်ပြုလုပ်ခွင့်ပေးထားသော ကချင်ရိုးရာမနောတိုင်နဲ့ မြို့ဝင်ဆိုင်းဘုတ် ပြုလုပ်ခြင်းကို လက်ခံကြိုဆိုကြောင်း၊ အသိအမှတ်ပြုထားကြောင်းကို တင်ပြထားသည်ဟု JHG ပြန်ကြားရေးတာဝန်ခံ Zukdaw Tsawm Naw ကပြောပါတယ်။

အစည်းဝေးတွင် JHG၊ ရှမ်းလူမျိုးအကြီးအကဲနှင့် ရှမ်းလူမျိုးတချို့၊ စည်ပင်သာယာမှတာဝန်ရှိသူများ၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရကိုယ်စားလှယ်များ၊ လော်ဝေါ်၊ လချိတ်နဲ့ လီဆူယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

*