ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်မှ အဖွဲ့ချုပ်တရားရုံးဆိုင်ရာနဲ့သက်ဆိုင်ပြီး စက်တင်ဘာ ၁၉ ရက်နေ့က စည်းဝေးဆွေးနွေးခဲ့ကြပါတယ်။

ကချင်လူမျိုးတွေထဲမှာ ဖြစ်ပွား ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်ကြီးငယ်များကို ကချင်ရိုးရာယဉ်ကျေးမှု တရားရေးရာဖြင့် ပြေလည်အောင် လုပ်ဆောင်နေမှုကို ပိုမိုဖြစ်ထွန်းလာအောင် လုပ်သွားနိုင်ဖို့ ကချင်လူမျိုးတွေထဲက အိမ်ထောင်တစ်ခုပျက်စီးအောင်လုပ်ဆောင်ခဲ့သော ပြဿနာ၊ ဆွေစဉ်မျိုးဆက်ပြဿနာများကို ပြေလည်မှုရရှိအောင် ဖြေရှင်းသွားပေးနိုင်ဖို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
“ကချင်လူမျိုးတွေထဲမှာ ဖြစ်ပွားနေတဲ့ ပြဿနာများကို တရားမျှတစွာ အကောင်းမွန်ဆုံး ဖြေရှင်းသွားနိုင်ဖို့ ပြဿနာဖြစ်ပွားသူများကို ရိုးရာယဉ်ကျေးမှုနဲ့အညီ ပြေလည်အောင်ဖြေရှင်းပေးနိုင်ဖို့ ဖြစ်ပါတယ်” လို့ ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ် ဥက္ကဌ ဒူဝါထိန်နန်ယော်ဆမ် ကပြောပါတယ်။
နောက်ပိုင်းတွင်လည်း ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေအဖွဲ့ချုပ်တရားရုံးများကို ဒေသအသီးသီးတွင် ဖွင့်လှစ်ပေးသွားနိုင်ဖို့နဲ့ နေရာဒေသအသီးသီးက ကချင်လူမျိုးတွေ ဖြစ်ပွားနေတဲ့ ပြဿနာများကို ပြေလည်အောင် လုပ်ဆောင်ပေးသွားဖို့ စီစဉ်ဆောင်ရွက်ထားကြောင်း သိရှိရပါတယ်။