ကချင်ရိုးရာယဉ်ကျေးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုပြုလုပ်

လီဒိုလမ်းပေါ်ရှိ ခွမ်ဆိုင်ယန်ကျေးရွာရှိ ခန်းမတွင် အောက်တိုဘာ ၂၀ ရက်နေ့က ကချင်ရိုးရာယဉ်ကျေးမှုနဲ့ သက်ဆိုင်ပြီး တွေ့ဆုံဆွေးနွေးမှုတစ်ခုကို အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများက ပြုလုပ်ခဲ့ကြပါတယ်။

လီဒိုတဝိုက်အတွင်းရှိ ကချင်လူမျိုးများအနေဖြင့် ယဉ်ကျေးမှုတစ်ခု၊ ဒေသတစ်ခု၊ ရိုးရာယဉ်ကျေးမှု စည်းမျှဉ်းစည်ကမ်းတစ်ခုဖြင့် အတူစည်းလုံးကာ ရှေ့ဆက်သွားနိုင်ဖို့ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

“လီဒိုလမ်းတဝိုက်မှာ ရှိတဲ့ ကချင်လူမျိုးတွေ ရိုးရာယဉ်ကျေးမှု တစ်ခုတည်းဖြင့် စည်းလုံးညီညွတ်စွာ အတူတကွ နေထိုင်သွားကြဖို့နဲ့ ကျောင်းတွေ ရပ်နားထားရတဲ့ ကလေးတွရဲ့ ပညာရေးနဲ့ သက်ဆိုင်ပြီးတော့လည်း ဆွေးနွေးခဲ့ကြပါတယ်” လို့ ပါဝင်သူတစ်ဦးက ပြောပါတယ်။

ဒီတွေ့ဆုံ ဆွေးနွေးမှုမှာတော့ ဒေသတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ရိုးရာယဉ်ကျေးမှု ခေါင်းဆောင်များ၊ အတွင်းရေးမှူး၊ အမျိုးသမီး၊ အမျိုးသား၊ လူငယ်ကော်မတီမှ တာဝန်ခံများ လာရောက်ပါဝင် ဆွေးနွေးခဲ့ကြပြီး မိမိဒေသတွင်း ညှိ့နှိုင်းစရာဖြစ်နေတဲ့ ယဉ်ကျေးမှုထုံးတမ်းနဲ့ သက်ဆိုင်ပြီး ဆွေးနွေးဖလှယ်ခဲ့ကြ ပါတယ်။

ဖားကန့်မြို့နယ်တွင် ဒေသ ၁၁ ခုအဖြစ် သတ်မှတ်ထားကာ ထိုအထဲမှ လီဒိုဒေသတွင်းမှာတော့ ဒပ်ဘွန်း၊ လဝါး၊ ဒွန်ဘုံး၊ မန်ပန်၊ ခွမ်ဆိုင်ယန်၊ စံပြ၊ လဝေါင်၊ ဒွမ်ဘန်၊ ဘန်ကောက်၊ နောင်းမီ၊ အောင်ရာနဲ့ ရှာဒူဇွပ်ကျေးရွာများ ပါဝင်ကြောင်း သိရပါတယ်။

Leave a Reply

*