ကချင်ပြည်နယ်ရှိ ၆ မြို့နယ်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အမိန့်ထုတ်ပြန်

မြန်မာနိုင်ငံအနှံအပြား အာဏာသိမ်းတပ်မတော် စစ်အစိုးရကို နိုင်ငံသားများက ဆန့်ကျင်ဆန္ဒပြနေကြတာ ယနေ့ဆိုရင် ၄ ရက်မြောက်နေ့အထိ ရှိလာပြီဖြစ်သလို နိုင်ငံဝန်ထမ်းများလည်း ရုံးမတက်ရေးလှုပ်ရှားမှုကနေ့ တစ်ရက်တည်သာရှိနေသေးပေမယ့် အာဏာသိမ်းအစိုးရအနေဖြင့် ယခုလိုပြည်သူများရဲ့ ဆန္ဒပြမှုကို ဖြိုခွင်းချင်သောအားဖြင့် ပုဒ်မ-၁၄၄ ကို နိုင်ငံတဝန်းရှိ မြို့နယ်အများစုတွင် မြို့နယ်အလိုက်ထုတ်ပြန်လိုက်ပါတယ်။

Credit to Original

ကချင်ပြည်နယ်ထဲက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အမိန့် ထုတ်ပြန်တဲ့ မြို့နယ်များကတော့ ဝိုင်းမော်မြို့ နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်၊ ရွှေကူမြို့နယ်၊ မိုးညှင်းမြို့နယ်နဲ့ ဖားကန့် မြို့နယ်တွေ ဖြစ်ကြကာ ထိုနေရာများတွင် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်း လှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ပြီး လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုသောသူများသည် ယင်းမြို့နယ်များအတွင်း အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို လိုက်နာရမည်ဖြစ်ကြောင်း ပြောဆိုထားပေမယ့် နိုင်ငံတဝန်း အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေကတော့ အရှိန်လျှော့ကျသွားခြင်းမရှိပါဘူး။

တဖက်တွင်းလည်း ဆန္ဒပြသူများအနေဖြင့် အကြမ်းမဖက်သောနည်းလမ်းများအသုံးပြုကာ မိမိကိုယ်ကိုအားအင်ကုန်ခမ်းသွားအောင်မလုပ်ပဲ စစ်အစိုးရကို တော်လှန်သွားကြဖို့ တိုက်တွန်းဆော်ဩထားသလို CDM လို့ခေါ်တဲ့ Civil Disobedience Movement ကို နိုင်ငံတဝန်းလုံးရှိ ဌာနပေါင်းစုံမှ ဝန်ထမ်းများလည်း အလုပ်မသွား၊ ရုံးမတက်၊ ခွင့်မတိုင်၊ အိမ်ကနေရုံးအလုပ်လုပ်ခြင်းများလည်း မပြုလုပ်ပြ ဒီလှုပ်ရှားမှုတွေ ပါဝင်ပြီး စစ်အစိုးရရဲ့ယန္တရားကို ဖျက်စီးပစ်ဖို့ တိုက်တွန်းထားကာ ယခုလိုလုပ်ဆောင်ခြင်းဖြင့် အလုပ်ထွက်လိုက်ရမှု ခြိမ်းခြောက်မှုတွေရှိလာပါကလည်း ကူညီဆောင်ရွက်သွားပေးမှာဖြစ်ကြောင်း အများပြည်သူများက ကတိပြုထားကြပါတယ်။

Leave a Reply

*