၂၀၂၀ ခုနှစ်အတွင်း ကချင်ပြည်နယ်တွင် အမျိုးသမီးတွေအပေါ် အိမ်တွင်းအကြမ်းဖက်မှုများ၊ လူ့အခွင့်ရေးဆုံးရှုံးမှုများစတဲ့ ပြဿနာပိုမိုများပြားလာကြောင်း Htoi Gender အဖွဲ့ကပြောပါတယ်။

ဧပြီလကစပြီး အိမ်တွင်းအကြမ်းဖက်မှုပြဿနာပိုမိုဖြစ်ပွားလာကာ ဒီလိုအမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုဖြစ်ရခြင်းမှာ Covid-19 ကပ်ရောဂါကာလအတွင်း အလုပ်အကိုင်နဲ့ စားဝတ်နေရေးကျပ်တည်းလာခြင်းကြောင့် ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်းများ၊ အမျိုးမျိုးသောအကြမ်းဖက်မှုများဖြစ်လာကြောင်း Htoi Gender and Development Director ဒေါ်နန်ပူကပြောပါတယ်။
အများအားဖြင့် စစ်ဘေးရှောင်စခန်းများမှ အမျိုးသမီးများလဲ အိမ်တွင်းအကြမ်းဖက်ခံရမှုအများဆုံး ခံစားနေရပြီး လွန်ခဲ့သော ၂၀၁၁ ခုနှစ်က ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း မတရားကျင့်ကြံအကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် ယခုထက်ထိ တာဝန်ယူဖြေရှင်းခြင်းမရှိသေးကြောင်း၊ ပြည်သူများနှင့်မြန်မာစစ်အစိုးရအကြား မှပြဿနာများကို စစ်တပ်တရားခုံရုံးတွင်သာ ဖြေရှင်းခွင့်ရှိသည်ဆိုသောဥပဒေကို ပြင်ဆင်ပေးရန် တင်ပြထားကြောင်း သိရပါတယ်။