ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူုထုစည်းဝေးပွဲကြီးသို့တက်ရောက်လာကြသူများအားစစ်ဆေးမေးမြန်း

ကန်ပိုင်တီဂိတ်ရှိ ပြည်သူ့စစ်၊ BGF နှင့်မြန်မာစစ်တပ် ပူးပေါင်းထားသော တပ်ပေါင်းစုသည် မတ်လ(၂၀)ရက်နေ့တွင် (၃၈)ကြိမ်မြောက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) လူထုစည်းဝေးပွဲကြီးသို့တက်ရောက်လာကြသူများအားအထူးတလည်စစ်ဆေးမေးမြန်းခြင်းများပြုလုပ်နေကြောင်းသတင်းရရှိပါသည်။ ထို့အပြင်၊ လွန်ခဲ့သည့်အပတ်ကလည်း မြစ်ကြီးနားမြို့အတွင်းမော်တော်ဆိုင်ကယ်မောင်းနှင်သူများအားယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်းဒေသခံပြည်သူများမှတစ်ဆင့်သိရှိရသည်။

(၃၈)ကြိမ်မြောက်  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် လူထုစည်းဝေးပွဲကြီးကို မတ်လ ၂၃-၂၅ရက်အတွင်း ၀ိုင်းမော်မြို့နယ် ကျမ်းစာသင်ကျောင်းဝင်းတွင်ကျင်းပမည်ဖြစ်သောကြောင့် အနယ်နယ်၊ အရပ်ရပ်မှ အသင်းတော်သူ/သားများ ရောက်ရှိလာနေကြောင်းသတင်းရရှိပါသည်။

Leave a Reply

*