ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီးရှိ ခ၀န်ဘန် ( ကျောက်စခန်း ) ကျေးရွာ အနီးတ၀ိုက် တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ထိဆိုပါက ၈ ရက်ကြာ ခဲ့ပြီဖြစ်သည်။
အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်များနှင့် မြန်မာအစိုးရစစ်တပ် စကခ ၂၁ လက်အောက်ခံတပ်များ နေ့လည် ၁၁ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြန်မာအစိုးရ စစ်တပ်မှ ၃ ဦးကျဆုံးပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်းသိရသည်။
လတ်တလောတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲ ဖြစ်ပွားသည့် ကျေးရွာများတွင် မြန်မာအစိုးရစစ်တပ်မှ အများပြည်သူများ၏ ပိုင်ဆိုင်မူများကို လုယက်ခြင်း၊ ကျေးရွာသားများကို နိုပ်စက်ကလူပြုခြင်းများ အပြင် ကျေးရွာထဲသို့ အကြောင်းမဲ့ သေနတ်နှင့် ပစ်သောကြောင့် ရွာသူရွာသားများ ထိခိုက်ဒဏ် ရာရ သေဆုံးမူများ လည်း ဖြစ်ပွားလျက်ရှိသည်။